ကမ္ဘာဦးကျမ်း 11:3
ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 11:7ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-
Exodus 1:14ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
Exodus 5:7``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
Psalms 64:5သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ရာတွင် အချင်းချင်းအားပေးကြ၏။ သူတို့သည်ထောင်ချောက်များထားရန်နေရာကို တိုင်ပင်ပြီးနောက် ``ဤထောင်ချောက်များကိုအဘယ်သူမျှတွေ့မြင် နိုင်လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။
Ecclesiastes 2:1တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Isaiah 9:10``အုတ်တိုက်များပြိုကျပြီဖြစ်သော်လည်း ယင်းတို့ကိုငါတို့သည်ဆစ်ကျောက်များဖြင့် အစားထိုးတည်ဆောက်ကြကုန်အံ့။ သဖန်း သားယက်မများကိုခုတ်ဖြတ်ပစ်ကြသော် လည်း၊ ငါတို့သည်ယင်းတို့ကိုအကောင်းဆုံး အာရစ်သား(သစ်ကတိုးသား) ဖြင့်အစားထိုး ကြကုန်အံ့'' ဟုဆိုကြ၏။