ထွက်မြောက်ရာကျမ်း 29:13
ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 29
Cross References
Exodus 29:18သိုးတစ်ကောင်လုံးကိုယဇ်ပလ္လင်ထက်တွင်မီးရှို့ ပူဇော်ရမည်။ ဤသို့ပူဇော်ခြင်းသည်ထာဝရ ဘုရားအား ဆက်သသောမီးရှို့ပူဇော်သကာ ဖြစ်၏။ ထာဝရဘုရားသည်ထိုယဇ်မှရနံ့ ကိုနှစ်သက်တော်မူ၏။
Exodus 29:25ထိုနောက်သူတို့၏လက်ထဲမှပူဇော်သကာ တို့ကိုယူ၍ ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်အပေါ် တွင်တင်လျက်မီးရှို့ပူဇော်ရမည်။ ငါသည်ထို ယဇ်မှရနံ့ကိုနှစ်သက်တော်မူ၏။
Leviticus 1:15ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
Leviticus 3:9ထို့နောက်သိုးအဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်း တွင်းသားများမှရှိသမျှအဆီ၊ ကျောက်ကပ် များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းတို့ကိုထာဝရဘုရားအားဆက် ကပ်ရမည်။-
Leviticus 4:8ထိုနောက်သူသည်နွားအထီး၏ရှိသမျှ ဝမ်းတွင်းသားမှအဆီ၊-
Leviticus 4:31ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။