ဝတ်ပြုရာကျမ်း 4:31
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 8:21ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
Leviticus 1:9ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
Leviticus 1:17သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
Leviticus 3:9ထို့နောက်သိုးအဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်း တွင်းသားများမှရှိသမျှအဆီ၊ ကျောက်ကပ် များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းတို့ကိုထာဝရဘုရားအားဆက် ကပ်ရမည်။-
Leviticus 4:19ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။-