ထွက်မြောက်ရာကျမ်း 3:7
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 29:32မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။-
Exodus 1:8ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
Exodus 2:23ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
Exodus 22:23သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။
2 Kings 13:4ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
Nehemiah 9:9``အကျွန်ုပ်တို့ဘိုးဘေးများသည်အီဂျစ် ပြည်တွင် ဆင်းရဲဒုက္ခရောက်ကြရသည်ကိုကိုယ်တော် မြင်တော်မူပါ၏။ ပင်လယ်နီတွင်ထိုသူတို့အော်ဟစ်၍အကူအညီ တောင်းခံသံကိုကြားတော်မူပါ၏။