ထွက်မြောက်ရာကျမ်း 3:6
ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 12:1ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
Genesis 17:3အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
Genesis 26:24ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
Genesis 28:17သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
Genesis 32:9ထိုနောက်ယာကုပ်က``အကျွန်ုပ်၏အဘိုး အာဗြဟံနှင့်အကျွန်ုပ်၏ဖခင်ဣဇာက်တို့ ၏ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်ရှင်က`သင်၏ ပြည်၊ သင်၏ဆွေမျိုးသားချင်းတို့ထံသို့ပြန် လော့။ ငါသည်သင့်ကိုကြီးပွားစေမည်' ဟု မိန့်တော်မူပါ၏။-
Exodus 3:15တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-