ထွက်မြောက်ရာကျမ်း 33:7
ဣသရေလအမျိုးသားများစခန်းချ သည့်အခါတိုင်း၊ မောရှေသည်တဲတော်ကို စခန်းအပြင်ဘက်ခပ်လှမ်းလှမ်းအကွာ နေရာတွင်ဆောက်လေ့ရှိ၏။ တဲတော်ကို ထာဝရဘုရားစံတော်မူရာတဲတော် ဟူ၍နာမည်မှည့်ခေါ်၏။ ထာဝရဘုရား ၏အလိုတော်ကိုသိလိုသူသည် ထာဝရ ဘုရားစံတော်မူရာတဲတော်သို့သွား ရသည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 33
Cross References
Deuteronomy 4:29သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-
Psalms 10:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။
Psalms 35:22သို့သော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤအမှုကိုသိမြင်တော် မူပါ၏။ သို့ဖြစ်၍ အို ထာဝရဘုရား၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
Hosea 9:12အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
Hebrews 13:11ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။-