ယေဇကျေလအနာဂတ္တိကျမ်း 10:19
သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 10
Cross References
Ezekiel 1:17သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။-
Ezekiel 8:16သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
Ezekiel 11:1ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အား ချီပင့်၍ ဗိမာန်တော်အရှေ့တံခါးသို့ခေါ် ဆောင်သွားတော်မူ၏။ တံခါးအနီး၌နိုင်ငံ့ ခေါင်းဆောင်များဖြစ်ကြသော အဇုရ၏သား ယာဇညာနှင့်ဗေနာယ၏သားပေလတိ အပါအဝင်လူပေါင်းနှစ်ဆယ့်ငါးယောက် ကိုငါမြင်ရ၏။
Ezekiel 43:1ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။-