ယေဇကျေလအနာဂတ္တိကျမ်း 8:16
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 8
Cross References
2 Kings 16:14ထာဝရဘုရားအားဆက်ကပ်ထားသည့်ကြေး ဝါပလ္လင်မှာ ယဇ်ပလ္လင်သစ်နှင့်ဗိမာန်တော်စပ်ကြား တွင်တည်ရှိနေသောကြောင့် အာခတ်သည်ထို ပလ္လင်ကိုယဇ်ပလ္လင်သစ်၏မြောက်ဘက်သို့ပြောင်း ရွှေ့လိုက်ပြီးလျှင်၊-
2 Kings 23:5သူသည်ယုဒမြို့များနှင့်ယေရုရှလင်မြို့ နီးနားဝန်းကျင်တွင် ရုပ်တုများကိုယဇ်ပူ ဇော်ရန်ယုဒဘုရင်များခန့်အပ်ထားသည့် ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ ဗာလ ဘုရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကိုယဇ်ပူဇော် ကြသည့် ယဇ်ပုရောဟိတ်များကိုလည်း ကောင်းရာထူးမှထုတ်ပယ်တော်မူ၏။
2 Chronicles 7:7ရှောလမုန်သည်ဗိမာန်တော်ရှေ့၌ရှိသောအလယ် တံတိုင်းကိုဆက်ကပ်ပြီးနောက် ထိုနေရာ၌တစ် ကောင်လုံးမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်မှဆီဥတို့ကိုပူဇော်တော် မူ၏။ ဤသို့ပြုတော်မူရခြင်းမှာမင်းကြီး တည်ဆောက်ထားသည့်ကြေးဝါယဇ်ပလ္လင်သည် ထိုပူဇော်သကာအားလုံးတို့အတွက်အလွန် သေးငယ်သောကြောင့်ဖြစ်လေသည်။
Job 31:26ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ၊
Jeremiah 2:27သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။