ယေဇကျေလအနာဂတ္တိကျမ်း 11:21
သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 11
Cross References
Jeremiah 1:16ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။-
Jeremiah 17:9``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
Ezekiel 7:3``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
Ezekiel 9:10သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
Ezekiel 14:3ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
Ezekiel 20:31သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-