ယေဇကျေလအနာဂတ္တိကျမ်း 12:28
သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 12
Cross References
Jeremiah 1:11ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
Jeremiah 1:13ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
Jeremiah 44:28သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-
Ezekiel 12:23ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
Mark 13:32``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-
1 Thessalonians 5:2သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-