ယေရမိအနာဂတ္တိကျမ်း 1:13
ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 1
Cross References
Genesis 41:32ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။
Jeremiah 24:3ထိုနောက်ထာဝရဘုရားကငါ့အား``ယေရမိ၊ သင်အဘယ်အရာကိုမြင်သနည်း'' ဟုမေး တော်မူ၏။ ငါကလည်း``သင်္ဘောသဖန်းသီးများကိုမြင် ပါသည်။ ကောင်းသောသင်္ဘောသဖန်းသီးများ သည် အလွန်ကောင်း၍ပုပ်သောသင်္ဘောသဖန်း သီးများမှာစား၍မရနိုင်လောက်အောင်ပုပ် ၍နေပါသည်'' ဟုပြန်လည်လျှောက်ထား၏။
Ezekiel 11:7သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``ဤမြို့သည်အမှန်ပင်အိုးကင်း နှင့်တူလိမ့်မည်။ သို့ရာတွင်အမဲသားက အဘယ်အရာဖြစ်သနည်း။ သင်တို့လက် ဖြင့်သေရသည့်အလောင်းများပင်ဖြစ်ပါ သည်တကား။ သို့ရာတွင်ငါသည်သင်တို့ အားမြို့ပြင်သို့ပစ်ထုတ်လိုက်မည်။-
Ezekiel 24:3ပုန်ကန်တတ်သောငါ၏လူမျိုးတော်အားသူတို့ အတွက် ငါအရှင်ထာဝရဘုရားဖော်ပြသည့် ပုံဥပမာကိုပြောပြလော့။ ယင်းပုံဥပမာမှာ ``ကြေးအိုးကိုမီးဖိုပေါ်တွင်တင်၍ရေထည့် ပြီးလျှင်
Zechariah 4:2``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-