ယေဇကျေလအနာဂတ္တိကျမ်း 14:17
``သို့တည်းမဟုတ်ငါသည် ထိုပြည်တွင်စစ် မက်ဖြစ်ပွားစေလျက်လူရောတိရစ္ဆာန်ပါ ပယ်ရှင်းပစ်ရန်ဖျက်ဆီးတတ်သည့်လက် နက်များကိုစေလွှတ်သောအခါ၊-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 14
Cross References
Leviticus 26:25သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
Jeremiah 33:12အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
Jeremiah 47:7သို့ရာတွင်ထိုဋ္ဌားတော်သည်ငါပေးအပ်ထား သည့် အလုပ်ရှိသဖြင့် အဘယ်သို့လျှင်ငြိမ်သက်စွာနေနိုင်မည်နည်း။ အာရှကေလုန်မြို့နှင့်ပင်လယ်ကမ်းခြေတွင် နေထိုင်သော လူတို့အား၊တိုက်ခိုက်ရန်ထိုဋ္ဌားတော်ကိုငါ အမိန့်ပေးတော်မူလေပြီ'' ဟုမိန့်တော်မူ၏။
Ezekiel 5:17သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။
Ezekiel 21:3လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
Ezekiel 21:9ကိုယ်တော်က``အချင်းလူသား၊ ဗျာဒိတ်တော် ကိုဆင့်ဆိုလော့။ ငါထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုလူတို့အားဆင့်ဆို ရမည်မှာ၊ ``ဋ္ဌားတော်ကိုထက်အောင်သွေးထားပြီး။ ဋ္ဌားတော်ကိုပြောင်လက်အောင်တိုက်ချွတ် ထားပြီ။