ယေရမိအနာဂတ္တိကျမ်း 33:12
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 33
Cross References
Jeremiah 17:26လူတို့သည်ယုဒမြို့များနှင့်ယေရုရှလင် မြို့ပတ်ဝန်းကျင်ကျေးရွာများမှလာရောက် ကြလိမ့်မည်။ သူတို့သည်ဗင်္ယာမိန်နယ်မြေ၊ တောင်ခြေဒေသများ၊ တောင်တန်းဒေသများ နှင့်ယုဒပြည်တောင်ပိုင်းနယ်မြေမှလာရောက် ကြလိမ့်မည်။ သူတို့သည်မီးရှို့ရာပူဇော်သကာ နှင့်ယဇ်များကိုလည်းကောင်း၊ ဂျုံစပါးပူဇော် သကာများ၊ နံ့သာပေါင်းနှင့်ကျေးဇူးတော်ချီး မွမ်းရာယဇ်တို့ကိုလည်းကောင်း ထာဝရဘုရား ၏အိမ်တော်သို့ယူဆောင်လာကြလိမ့်မည်။-
Jeremiah 32:43ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။-
Jeremiah 50:19ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။-
Ezekiel 36:8သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
Obadiah 1:19``ယုဒပြည်တောင်းပိုင်းမှလူတို့သည် ဧဒုံပြည် ကိုလည်းကောင်း၊ အနောက်တောင်ခြေဒေသများမှလူတို့က ဖိလိတ္တိပြည်ကိုလည်းကောင်းသိမ်းယူကြ လိမ့်မည်။ ဣသရေလအမျိုးသားတို့သည်၊ဧဖရိမ်နှင့် ရှမာရိနယ်မြေများကိုပိုင်ဆိုင်ရကြလျက်၊ ဗင်္ယာမိန်လူမျိုးတို့ကဂိလဒ်ပြည်ကိုရရှိကြ လိမ့်မည်။