ယေဇကျေလအနာဂတ္တိကျမ်း 16:20
``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊-
Common Language Bible
In The King James Version
In Context
21အဘယ်ကြောင့်ငါ၏သားသမီးများကို ယူ၍ရုပ်တုတို့အားယဇ်ပူဇော်ရသနည်း။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Genesis 17:7သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
Exodus 13:12သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
2 Kings 16:3ဣသရေလမင်းတို့၏လမ်းစဉ်ကိုလိုက်လေ သည်။ သူသည်ဣသရေလအမျိုးသားတို့ချီ တက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော် မူသောလူမျိုးတို့၏စက်ဆုတ်ရွံရှာဖွယ်ကောင်း သည့်ဋ္ဌလေ့ထုံးစံတို့ကိုအတုခိုးကာ မိမိ ၏သားတော်ကိုပင်လျှင်မီးရှို့ရာပူဇော်သကာ အဖြစ်ရုပ်တုတို့အားပူဇော်လေသည်။-
Psalms 106:37သူတို့သည်မိမိတို့၏သားသမီးများကို ယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
Isaiah 57:5မိမိတို့၏အထွဋ်အမြတ်သစ်ပင်များအောက် တွင် ကာမရာဂစပ်ယှက်ခြင်းအားဖြင့် မြေသြဇာ နတ်ဘုရားတို့ကိုကိုးကွယ်ကြ၏။ မိမိတို့၏ သားသမီးများကိုမြစ်ချောင်းဝှမ်းအနီးရှိ ကျောက်ဂူများတွင်ယဇ်ပူဇော်ကြ၏။-
Jeremiah 3:24သို့ရာတွင်အကျွန်ုပ်တို့သည်ငယ်စဉ်ထဲက ရှက်ဖွယ်ကောင်းသည့်ဘုရားများကိုဝတ်ပြု ကိုးကွယ်ကြသဖြင့် ရှေးကာလမှစ၍ဘိုး ဘေးများလုပ်ကိုင်စုဆောင်းထားခဲ့သည်သိုး အုပ်၊ နွားအုပ်၊ သားသမီး၊ ရှိရှိသမျှသော အရာတို့ကိုဆုံးရှုံးရကြလေပြီ။-