Psalms 106:37
သူတို့သည်မိမိတို့၏သားသမီးများကို ယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
Common Language Bible
In The King James Version
Yea, they sacrificed their sons and their daughters unto devils,
In Context
36ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
Cross References
Leviticus 18:21သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
Deuteronomy 18:10သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
2 Kings 16:3ဣသရေလမင်းတို့၏လမ်းစဉ်ကိုလိုက်လေ သည်။ သူသည်ဣသရေလအမျိုးသားတို့ချီ တက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော် မူသောလူမျိုးတို့၏စက်ဆုတ်ရွံရှာဖွယ်ကောင်း သည့်ဋ္ဌလေ့ထုံးစံတို့ကိုအတုခိုးကာ မိမိ ၏သားတော်ကိုပင်လျှင်မီးရှို့ရာပူဇော်သကာ အဖြစ်ရုပ်တုတို့အားပူဇော်လေသည်။-
2 Kings 21:6မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
Isaiah 57:5မိမိတို့၏အထွဋ်အမြတ်သစ်ပင်များအောက် တွင် ကာမရာဂစပ်ယှက်ခြင်းအားဖြင့် မြေသြဇာ နတ်ဘုရားတို့ကိုကိုးကွယ်ကြ၏။ မိမိတို့၏ သားသမီးများကိုမြစ်ချောင်းဝှမ်းအနီးရှိ ကျောက်ဂူများတွင်ယဇ်ပူဇော်ကြ၏။-
Jeremiah 32:35သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။