ယေဇကျေလအနာဂတ္တိကျမ်း 16:28
``အလိုမပြည့်နိုင်သဖြင့်သင်သည်အာရှုရိ အမျိုးသားတို့နှင့်မှားယွင်းပြန်၏။ သို့ရာ တွင်သင်၏အလိုမပြည့်နိုင်သေး။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
Judges 10:6ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
2 Kings 16:10အာခတ်မင်းသည်ဧကရာဇ်ဘုရင်တိဂလတ် ပိလေသာကိုတွေ့ဆုံရန် ဒမာသက်မြို့သို့သွား သောအခါ ထိုမြို့တွင်ရှိသောယဇ်ပလ္လင်ကိုမြင် သဖြင့် ထိုယဇ်ပလ္လင်၏ပုံတူတစ်ခုကိုစေ့စပ် သေချာစွာပြုလုပ်ပြီးလျှင် ယဇ်ပုရောဟိတ် ဥရိယထံသို့ပေးပို့လိုက်၏။-
2 Chronicles 28:16ဧဒုံအမျိုးသားတို့သည်ယုဒပြည်ကိုတစ်ဖန် လာရောက်တိုက်ခိုက်ကာ သုံ့ပန်းအမြောက်အမြား ကိုဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အာခတ်မင်း သည်အာရှုရိဘုရင်ထံအကူအညီတောင်း ခံလေသည်။-
2 Chronicles 28:23သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
Jeremiah 2:36သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
Ezekiel 23:12သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။-