The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 16 › ယေဇကျေလအနာဂတ္တိကျမ်း 16:5

ယေဇကျေလအနာဂတ္တိကျမ်း 16:5

ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။

Common Language Bible

In The King James Version

None eye pitied thee, to do any of these unto thee, to have compassion upon thee; but thou wast cast out in the open field, to the lothing of thy person, in the day that thou wast born.

In Context

4သင်​မွေး​ဖွား​သော​အ​ခါ​အ​ဘယ်​သူ​မျှ သင်​၏​ချက်​ကြိုး​ကို​မ​ဖြတ်၊ သင့်​အား​ရေ မ​ချိုး​ပေး။ ဆား​နှင့်​လည်း​မ​လူး။ အ​နှီး နှင့်​လည်း​မ​ပတ်​ကြ။-

6``ထို​နောက်​ငါ​သည်​သင်​၏​အ​နီး​မှ​ဖြတ် သွား​စဉ်​သွေး​ထဲ​၌ သင်​လူး​လျက်​နေ​သည် ကို​မြင်​ရ​၏။ သင်​သည်​သွေး​အ​လူး​လူး နှင့်​ဖြစ်​နေ​စေ​ကာ​မူ​ငါ​သည်​သင့်​အား အ​သက်​မ​သေ​စေ​ခဲ့။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 16

Cross References

Exodus 1:22သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။

Deuteronomy 32:10``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

Jeremiah 9:21သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။

Lamentations 2:11ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။

Lamentations 4:3ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း ငါ​၏​အ​မျိုး​သား​များ​မူ​ကား ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။

Ezekiel 2:6``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 16:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 16:4ယေဇကျေလအနာဂတ္တိကျမ်း 16ယေဇကျေလအနာဂတ္တိကျမ်း 16:6 →