ယေဇကျေလအနာဂတ္တိကျမ်း 18:19
``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 18
Cross References
Deuteronomy 5:9ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
2 Kings 24:3ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။
Lamentations 5:7ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့် ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
Ezekiel 18:9သူသည်ငါ၏အမိန့်များကိုလိုက်နာ၍ ငါ၏ ပညတ်တော်တို့ကိုသေချာစွာစောင့်ထိန်း၏။ ထိုသူသည်သူတော်ကောင်းဖြစ်သဖြင့် အသက် ရှင်လိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
Ezekiel 20:24ယင်းသို့ပြုရသည့်အကြောင်းမှာသူတို့သည် ငါ၏အမိန့်တော်တို့ကိုပစ်ပယ်ကာ ငါ၏ပညတ် တော်တို့ကိုချိုးဖောက်လျက်ဥပုသ်နေ့ကိုမရို မသေပြုပြီးလျှင် ဘိုးဘေးတို့ကိုးကွယ်ခဲ့သော ရုပ်တုတို့ကိုဝတ်ပြုကြသောကြောင့်ဖြစ်၏။''
Ezekiel 33:10ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-