ယေဇကျေလအနာဂတ္တိကျမ်း 18:2
ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။''
Common Language Bible
In The King James Version
In Context
1ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 18
Cross References
Isaiah 3:15သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
Jeremiah 31:29ထိုအချိန်ကာလကျရောက်လာသောအခါ `မိဘတို့သည်စပျစ်ချဉ်သီးကိုစား၍သား သမီးများ သွားကျိန်းလျက်ရှိကြ၏' ဟူသောဆိုရိုးစကားကိုလူတို့ပြောဆိုကြ တော့မည်မဟုတ်။
Ezekiel 6:2ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-
Ezekiel 17:12``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကိုသိကြ သလောဟု ထိုပုန်ကန်တတ်သည့်သူတို့အားမေး မြန်းလော့။ ဗာဗုလုန်မင်းသည်ယေရုရှလင်မြို့ သို့လာ၍ ဘုရင်နှင့်တကွမှူးမတ်အပေါင်းတို့ ကိုဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားသည့်အ ကြောင်းကိုသူတို့အားပြောပြလော့။-
Ezekiel 36:1ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
Ezekiel 37:19ထိုအခါငါအရှင်ထာဝရဘုရားသည် ဧဖရိမ်ကိုင်ထားသည့်ယောသပ်၏တုတ်နှင့် ဣသရေလအမျိုးအနွယ်နှင့်သူ၏အပေါင်း ပါတို့ကိုယူလျက် ယုဒနိုင်ငံ၏တုတ်တစ် ချောင်းနှင့်အတူထား၍ တစ်ချောင်းတည်း ဖြစ်သောတုတ်ကိုငါကိုင်ထားတော်မူမည် ဖြစ်ကြောင်းသူတို့အားပြောကြားလော့။