ယေဇကျေလအနာဂတ္တိကျမ်း 21:26
ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။ သင်၏ရာဇသရဖူနှင့် ဦးရစ်ကိုချွတ်လိုက်လော့။ အခြေအနေအား လုံးပြောင်းလဲသွားလေပြီ။ ဆင်းရဲသူတို့ အားတန်ခိုးအာဏာပေးအပ်၍ တန်ခိုး အာဏာရှိသူတို့ကိုနိမ့်ကျစေအံ့။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
1 Samuel 2:7ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
2 Kings 25:27ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်သည်မိမိ နန်းတက်တော်မူသောနှစ်၌ ယုဒဘုရင်ယေခေါ နိအားအကျဉ်းထောင်မှလွှတ်သောအားဖြင့် ကရုဏာပြတော်မူ၏။ ယေခေါနိအကျဉ်း ကျပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်ဒွါ ဒသမလနှစ်ဆယ့်ခုနစ်ရက်နေ့၌ဤသို့ ဖြစ်ပျက်သတည်း။-
Psalms 113:7ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
Jeremiah 13:18ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
Jeremiah 52:9ရန်သူတို့သည်ဇေဒကိကိုဖမ်းဆီးပြီးလျှင် နေဗုခဒ်နေဇာမင်းရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့သို့ခေါ်ဆောင်သွားကြ၏။ ထို အရပ်၌ပင်နေဗုခဒ်နေဇာသည်ဇေဒကိ အပေါ်တွင်စီရင်ချက်ချမှတ်တော်မူ၏။-
Lamentations 5:16ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။