ယေဇကျေလအနာဂတ္တိကျမ်း 22:16
သို့ဖြစ်၍သင်သည် အခြားလူမျိုးတို့ရှေ့တွင် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ သို့ရာတွင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
17ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 22
Cross References
Exodus 8:22ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
1 Kings 20:28ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Psalms 9:17ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
Isaiah 37:20အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
Isaiah 47:6ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
Ezekiel 7:24ငါသည်အဆိုးညစ်ဆုံးသောလူမျိုးတို့အား ဤအရပ်သို့ခေါ်ဆောင်၍ သင်တို့၏နေအိမ် များကိုသိမ်းယူစေမည်။ ထိုသူတို့အားသင် တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုညစ် ညမ်းစေရန် ငါအခွင့်ပေးသောအခါခွန် အားကြီးသူတို့သည်အားလျော့စိတ်ပျက် ကြလိမ့်မည်။-