ယေဇကျေလအနာဂတ္တိကျမ်း 22:27
အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 22
Cross References
Proverbs 17:23မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
Lamentations 4:13သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။
Ezekiel 19:3သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
Ezekiel 22:13``ငါသည်သင်၏မတရားစီးပွားရှာမှု အတွက်အမျက်ထွက်လျက်၊ လက်ဝါးချင်း ရိုက်၍၊ လုယက်သတ်ဖြတ်မှုတို့ကိုရပ်စဲ စေမည်။-
Ezekiel 45:9အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
Micah 3:2ကောင်းသောအကျင့်ကိုမုန်း၍မကောင်းသော အကျင့်ကိုနှစ်သက်ကြ၏။ သင်တို့သည်ငါ၏ လူမျိုးတော်တို့ကိုအရှင်လတ်လတ်အရေ ဆုတ်၍အရိုးမှအသားကိုခွာယူကြ၏။-