မိက္ခာအနာဂတ္တိကျမ်း 3:2
ကောင်းသောအကျင့်ကိုမုန်း၍မကောင်းသော အကျင့်ကိုနှစ်သက်ကြ၏။ သင်တို့သည်ငါ၏ လူမျိုးတော်တို့ကိုအရှင်လတ်လတ်အရေ ဆုတ်၍အရိုးမှအသားကိုခွာယူကြ၏။-
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 3
Cross References
1 Kings 22:6သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
Psalms 15:4သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။ အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။
Psalms 139:21အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုပုန်ကန်သူတို့အား ကျွန်တော်မျိုးလွန်စွာစက်ဆုပ်ပါ၏။
Isaiah 3:15သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
Ezekiel 22:27အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
Amos 4:1အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-