ယေဇကျေလအနာဂတ္တိကျမ်း 27:15
ဒေဒန်မြို့သားတို့သည်လည်းသင်နှင့်ကုန်သွယ် မှုကိုပြုကြ၏။ ပင်လယ်ကမ်းခြေအမြောက် အမြားမှလူတို့သည် ဆင်စွယ်နှင့်အနက်ရောင် ရှိသောသစ်သားများကိုသင်၏ကုန်ပစ္စည်း များနှင့်လဲလှယ်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 27
Cross References
Genesis 10:7ကုရှမှပေါက်ဖွားဆင်းသက်လာသောသားစဉ် မြေးဆက်တို့သည်ကား သေဘလူမျိုး၊ ဟာဝိလ လူမျိုး၊ သာဘတလူမျိုး၊ ရာဂမလူမျိုးနှင့် သတ္တေခါလူမျိုးများဖြစ်ကြ၏။ ရာဂမ၏သား စဉ်မြေးဆက်တို့မှာရှေဘနှင့်ဒေဒန်လူမျိုး များဖြစ်သည်။-
1 Kings 10:22မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
1 Chronicles 1:32အာဗြဟံ၏မယားနှောင်းနာမည်မှာကေတုရ ဖြစ်၏။ သူသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်နှင့်ရှုအာဟူသောသားခြောက်ယောက် ကိုဖွားမြင်လေသည်။ ယုတ်ရှန်တွင်ရှာဘနှင့် ဒေဒန်ဟူသောသားနှစ်ယောက်ရှိ၏။-
Ezekiel 25:13သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
Ezekiel 38:13ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။