ယေဇကျေလအနာဂတ္တိကျမ်း 27:16
ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 27
Cross References
Genesis 10:22ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
Judges 10:6ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
2 Samuel 10:6အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။-
Isaiah 7:1ယုဒပြည်တွင် သြဇိ၏မြေး၊ ယောသံ၏သား၊ အာခတ်နန်းစံစဉ်အခါစစ်ဖြစ်လေသည်။ ရှုရိ ဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ရေမလိ ၏သားပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခိုက်ကြသော်လည်းထိုမြို့ကိုသိမ်းယူ နိုင်စွမ်းမရှိကြ။