ယေဇကျေလအနာဂတ္တိကျမ်း 27:31
သူတို့သည်သင်၏အဖြစ်ကိုမြင်၍ ဦးခေါင်းများကိုရိတ်ကာဝမ်းနည်းပူဆွေး သည့် လက္ခဏာဖြင့်လျှော်တေကိုဝတ်ကြ၏။ သူတို့သည်ဝမ်းနည်းပက်လက်ဟစ်အော် ငိုကြွေးကြ၏။ သူတို့သည်ငိုကြွေးမြည်တမ်းလျက်သင်နှင့် ဆိုင်သော ငိုချင်းကိုသီဆိုကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 27
Cross References
Deuteronomy 14:1``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
Isaiah 16:9ယခုအခါငါသည်ယာဇာမြို့အတွက်ငို ယိုမိသကဲ့သို့ စိဗမာစပျစ်ပင်များအတွက် လည်းငိုယိုမိပါ၏။ လူတို့ဝမ်းမြောက်စွာစု သိမ်းရန်အသီးအနှံများမရှိတော့သဖြင့် ငါသည်ဟေရှဘုန်မြို့နှင့်ဧလာလေမြို့ တို့အတွက်မျက်ရည်ကျပါ၏။-
Isaiah 22:12ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
Jeremiah 47:5ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။
Ezekiel 7:18သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-
Amos 8:10သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။