ယေဇကျေလအနာဂတ္တိကျမ်း 28:16
သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 28
Cross References
Genesis 3:24ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
Leviticus 18:24သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။-
Isaiah 23:9အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
Ezekiel 8:17ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
Ezekiel 28:14ငါသည်သင့်ကိုအစောင့်ကောင်းကင်တမန် တစ်ပါးအဖြစ်ဘိသိက်ပေး၏။ သင်သည် ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော် ပေါ်တွင်နေ၍ အရောင်လက်သောကျောက် မျက်ရတနာများအလယ်တွင်သွားလာ ရ၏။-
Amos 3:9အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။''