ယေဇကျေလအနာဂတ္တိကျမ်း 8:17
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 8
Cross References
Genesis 6:13ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။-
Jeremiah 7:18ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
Jeremiah 20:8ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်း အော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။ အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။
Ezekiel 7:23``ပြည်တွင်း၌လူသတ်မှုများဖြင့်လည်း ကောင်း၊ မြို့များ၌အကြမ်းဖက်မှုများဖြင့် လည်းကောင်းပြည့်နှက်လျက်ရှိသဖြင့် နေရာ တကာတွင်ဗရုတ်သုတ်ခဖြစ်၍နေ၏။-
Ezekiel 11:6သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။