ယေဇကျေလအနာဂတ္တိကျမ်း 30:21
ကိုယ်တော်က``အချင်းလူသား၊ ငါသည်အီဂျစ် ဘုရင်၏လက်ရုံးကိုကျိုးစေပြီ။ အရိုးပြန် ဆက်ပြီးလျှင်ဋ္ဌားကိုတစ်ဖန်ကိုင်နိုင်လာစေ ရန်ထိုလက်ကိုအဘယ်သူမျှကြပ်စည်း၍ အဝတ်ဖြင့်ဆွဲဆိုင်း၍မပေးကြ။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 30
Cross References
2 Kings 24:7အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
Psalms 37:17အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍ သူတော်ကောင်းတို့အားကွယ်ကာ စောင့်ရှောက်တော်မူမည်ဖြစ်သောကြောင့် တည်း။
Isaiah 1:6ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
Jeremiah 46:11အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
Jeremiah 51:8ဗာဗုလုန်မြို့သည်ရုတ်တရက်ပြိုလဲပျက် စီးသွားလေပြီ။ ထိုမြို့အတွက်ငိုကြွေး ကြလော့။ သူ၏ဒဏ်ရာများအတွက်ဆေး ဝါးကိုရှာကြလော့။ သူ့အားအနာရောဂါ ပျောက်ကင်းအောင်ကုသကောင်းကုသနိုင် ပေလိမ့်မည်။-
Nahum 3:16မိုးကောင်းကင်ကြယ်တာရာများထက်ပင်ပို မိုများပြားသည့်ကုန်သည်များကိုမွေးထုတ် ပေးခဲ့၏။ သို့ရာတွင်မိမိတို့အတောင်ကိုဖြန့် ၍ပျံသွားသောကျိုင်းကောင်များကဲ့သို့ ထို သူတို့သည်ထွက်သွားကြလေပြီ။-