ယေဇကျေလအနာဂတ္တိကျမ်း 30:22
သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-
Common Language Bible
In The King James Version
In Context
23အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 30
Cross References
2 Kings 24:7အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
Jeremiah 37:7`သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
Jeremiah 46:21အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
Ezekiel 34:16``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။