ယေဇကျေလအနာဂတ္တိကျမ်း 30:25
ငါသည်သူ့အားအမှန်ပင်ချည့်နဲ့စေ၍ ဗာဗုလုန်မင်းအားသန်မာစေမည်။ ငါ၏ ဋ္ဌားကိုဗာဗုလုန်ဘုရင်လက်သို့ပေးအပ် ၍ သူသည်အီဂျစ်ပြည်သို့ဋ္ဌားဦးကိုလှည့် လိုက်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုလူတိုင်းသိရှိကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 30
Cross References
Ezekiel 29:16ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ezekiel 30:19ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Ezekiel 32:15အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-
Ezekiel 38:23ဤနည်းအားဖြင့်ငါသည်ကြီးမြတ်၍သန့် ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုးတကာ တို့အားငါပြမည်။ ငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။