ယေဇကျေလအနာဂတ္တိကျမ်း 31:2
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။ သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 31
Cross References
Ezekiel 29:19သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်မှာ အီဂျစ်ပြည်ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ငါအပ်မည်။ သူသည်လုယက်တိုက်ခိုက်ကာအီဂျစ်ပြည် ၏ဥစ္စာဋ္ဌနရှိသမျှကို မိမိ၏တပ်မတော် အတွက်သိမ်းယူသွားလိမ့်မည်။-
Ezekiel 31:18အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။
Revelation 10:11ထိုနောက်ကောင်းကင်တမန်က``သင်သည် များစွာသောတိုင်းနိုင်ငံများ၊ ဘာသာစကား အမျိုးမျိုးပြောဆိုသောလူမျိုးများ၊ ရှင် ဘုရင်များ၏အကြောင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ဗျာဒိတ်တော်ကိုနောက် တစ်ဖန်ဟောကြားရဦးမည်'' ဟုငါ့အား ဆို၏။