ယေဇကျေလအနာဂတ္တိကျမ်း 33:7
``အချင်းလူသား၊ ယခုငါသည်သင့်အား ဣသရေလအမျိုးသားတို့အတွက် ကင်း စောင့်အဖြစ်ဖြင့်ခန့်ထားမည်။ သင်သည်ငါ ၏သတိပေးချက်များကိုသူတို့အား ဆင့်ဆိုရမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
1 Kings 22:16သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ ပြောဆိုရာတွင်သစ္စာစကား ကိုသာလျှင် သုံးစွဲရန်သင့်အားဘယ်နှစ်ကြိမ် ငါသတိပေးရပါမည်နည်း'' ဟုဆို၏။
Song of Solomon 3:3သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
Isaiah 21:11ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။
Jeremiah 1:17သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
Jeremiah 23:28အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
Jeremiah 31:6`လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။