The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 1 › ယေရမိအနာဂတ္တိကျမ်း 1:17

ယေရမိအနာဂတ္တိကျမ်း 1:17

သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။

Common Language Bible

In The King James Version

Thou therefore gird up thy loins, and arise, and speak unto them all that I command thee: be not dismayed at their faces, lest I confound thee before them.

In Context

16ဤ​နည်း​အား​ဖြင့်​ငါ​သည်​အ​ပြစ်​ကူး​လွန် သူ​များ၊ ငါ့​ကို​စွန့်​ပစ်​သူ​များ၊ အ​ခြား​ဘု​ရား တို့​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့​ပူ​ဇော်​သူ များ​နှင့် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား​အ​ပြစ် ပေး​တော်​မူ​မည်။-

18ယေ​ရ​မိ၊ နား​ထောင်​လော့။ ဤ​နိုင်​ငံ​ရှိ​လူ​အ​ပေါင်း တို့​ဖြစ်​သည့်​ယု​ဒ​ဘု​ရင်​များ၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​များ​သည် သင့်​ကို အ​တိုက်​အ​ခံ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ တို့​ကို​ခု​ခံ​နိုင်​စွမ်း​ရှိ​အောင် သင့်​ကို​ယ​နေ့​ငါ ပြု​မည်။ သင်​သည်​ခံ​တပ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ သံ​တိုင်​နှင့်​ကြေး​ဝါ​နံ​ရံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သို့​ဖြစ်​၍​သူ​တို့ သည်​သင့်​အား​နှိမ်​နင်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 1

Cross References

Exodus 3:12ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

1 Kings 18:46ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ဧ​လိ​ယ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည်​မိ​မိ​၏ ဝတ်​လုံ​ကို​ခါး​တွင်​စည်း​၍​ယေ​ဇ​ရေ​လ​မြို့ သို့​ရောက်​သည့်​တိုင်​အောင်​အာ​ဟပ်​၏​ရှေ့​က ပြေး​လေ​၏။

2 Kings 9:1ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-

Jeremiah 1:7သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဟု​မ​ဆို​နှင့်။ ငါ​စေ​လွှတ်​သည့်​သူ​ထံ​သို့​သင်​သွား​၍ ငါ မိန့်​မှာ​တော်​မူ​သ​မျှ​ကို​ပြန်​ကြား​လော့။-

Jeremiah 23:28အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-

Ezekiel 2:6``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 1:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 1:16ယေရမိအနာဂတ္တိကျမ်း 1ယေရမိအနာဂတ္တိကျမ်း 1:18 →