ယေဇကျေလအနာဂတ္တိကျမ်း 36:17
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။-
Common Language Bible
In The King James Version
In Context
16ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Leviticus 18:24သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။-
Numbers 35:33ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
Psalms 106:39ယင်းသို့သတ်ဖြတ်မှုများဖြင့်မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြ၏။ ယင်းသို့ပြုမူကြခြင်းအားဖြင့်ဘုရားသခင် ကိုလည်း သစ္စာဖောက်ကြ၏။
Isaiah 64:6ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
Jeremiah 3:1ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
Jeremiah 16:18သူတို့အားမိမိတို့အပြစ်နှင့်ယုတ်မာမှု များအတွက် နှစ်ဆမျှကြီးလေးသည့်အပြစ် ဒဏ်ကိုငါပေးမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လူသေသဖွယ်အသက်မရှိသည့် ရုပ်တုများအားဖြင့် ငါ၏ပြည်တော်ကိုညစ် ညမ်းစေလေပြီ။ မိမိတို့အားငါပေးအပ် သည့်ပြည်ကိုဘုရားအတုအယောင်များ နှင့်ပြည့်နှက်စေလေပြီ'' ဟုမိန့်တော်မူ၏။