The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 16 › ယေရမိအနာဂတ္တိကျမ်း 16:18

ယေရမိအနာဂတ္တိကျမ်း 16:18

သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​နှင့်​ယုတ်​မာ​မှု များ​အ​တွက် နှစ်​ဆ​မျှ​ကြီး​လေး​သည့်​အ​ပြစ် ဒဏ်​ကို​ငါ​ပေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​လူ​သေ​သ​ဖွယ်​အ​သက်​မ​ရှိ​သည့် ရုပ်​တု​များ​အား​ဖြင့် ငါ​၏​ပြည်​တော်​ကို​ညစ် ညမ်း​စေ​လေ​ပြီ။ မိ​မိ​တို့​အား​ငါ​ပေး​အပ် သည့်​ပြည်​ကို​ဘု​ရား​အ​တု​အ​ယောင်​များ နှင့်​ပြည့်​နှက်​စေ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And first I will recompense their iniquity and their sin double; because they have defiled my land, they have filled mine inheritance with the carcases of their detestable and abominable things.

In Context

17သူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ငါ​မြင် ၏။ ငါ​မ​မြင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ မြင်​ကွင်း​နှင့်​မ​လွတ်။-

19အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍ ခွန်​အား ကို​ပေး​တော်​မူ​ပါ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ကူ​မ​တော် မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​လူ​မျိုး​တ​ကာ​တို့ သည် အ​ထံ​တော်​သို့​လာ​၍``ကျွန်​တော်​မျိုး​တို့ ဘိုး​ဘေး​များ​ကိုး​ကွယ်​ခဲ့​သည့်​ဘု​ရား​တို့​သည် အ​တု​အ​ယောင်​များ​သာ​လျှင်​ဖြစ်​ပါ​၏။ အ​သုံး မ​ဝင်​အ​ကျိုး​မ​ပေး​သော​ရုပ်​တု​များ​သာ​ဖြစ် ပါ​၏။-

Read all of ယေရမိအနာဂတ္တိကျမ်း 16

Cross References

Leviticus 26:30ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊-

Psalms 106:38သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူ သား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာ ခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။

Isaiah 40:2ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

Isaiah 65:7သူ​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း​ကောင်း၊ သူ​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြွေး​များ​ကို လည်း​ကောင်း​ငါ​ဆပ်​စေ​မည်။ သူ​တို့​သည်​တောင် ပေါ်​ရှိ​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကာ ငါ့​ကို​ကဲ့​ရဲ့ ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ထိုက် လျောက်​ရာ​အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။

Jeremiah 3:1ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

Jeremiah 17:18ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 16:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 16:17ယေရမိအနာဂတ္တိကျမ်း 16ယေရမိအနာဂတ္တိကျမ်း 16:19 →