ယေဇကျေလအနာဂတ္တိကျမ်း 36:19
သူတို့နေထိုင်ကျင့်ကြံသည့်အတိုင်းသူတို့ အားပြစ်ဒဏ်ချမှတ်ကာ နိုင်ငံတကာသို့ကွဲ လွင့်စေ၍နိုင်ငံရပ်ခြားများသို့ပျံ့လွင့် စေခဲ့၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Deuteronomy 28:64``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
Ezekiel 7:3``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
Ezekiel 18:30``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။-
Ezekiel 22:31သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
Amos 9:9``ဆန်ကိုဆန်ကာတင်ပြီးခါချသကဲ့သို့ငါ၏ အမိန့်ဖြင့် ဣသရေလပြည်သားတို့ကိုဆန်ခါ တင်ကာခါချလိုက်မည်။ ခပ်သိမ်းသောလူမျိုး များအထဲ၌လှုပ်ခါပြီးနောက်မထိုက်တန်သူ မှန်သမျှကိုငါရှင်းလိုက်မည်။-
Romans 2:6ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။-