ယေဇကျေလအနာဂတ္တိကျမ်း 36:8
သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 36
Cross References
Psalms 67:6မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
Isaiah 4:2ထာဝရဘုရားသည်ပြည်တော်တွင်သစ်ပင် ကြီးငယ်အပေါင်းကို ထွားကြိုင်းသန်မာစိုပြေ စေတော်မူမည့်အချိန်ကျရောက်လာတော့မည်။ မသေဘဲကျန်ရှိနေသေးသောဣသရေလ အမျိုးသားအပေါင်းတို့သည် ပြည်တော်ထွက် သီးနှံများအတွက်ဂုဏ်ယူဝမ်းမြောက်ကြ လိမ့်မည်။-
Isaiah 30:23သင်တို့သီးနှံများကိုစိုက်ပျိုးကြသည့် အခါတိုင်းအပင်ပေါက်စေရန်ထာဝရ ဘုရားသည်မိုးကိုရွာသွန်းစေတော်မူ လိမ့်မည်။ သင်တို့ရိတ်သိမ်းရန်အသီးအနှံ များကိုလှိုင်လှိုင်ထွက်စေ၍ ကျွဲနွားများ သည်လည်းစားကျက်အလုံအလောက်ရရှိ ကြလိမ့်မည်။-
Ezekiel 12:25ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Ezekiel 34:26``ငါသည်သူတို့အားကောင်းချီးပေး၍ ငါ၏ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပတ်လည် တွင်နေစေမည်။ အချိန်တန်သောအခါ ကောင်းချီးမိုးရေကိုကျစေမည်။-
Hosea 2:21ထိုအခါ၌ငါ၏လူမျိုးတော် ဣသရေလအမျိုးသားတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ငါသည်မြေကြီးပေါ်တွင်မိုးကိုရွာစေသဖြင့် မြေကြီးမှစပါး၊ စပျစ်သီးနှင့်သံလွင်သီး များ သီးလိမ့်မည်။