ယေဇကျေလအနာဂတ္တိကျမ်း 37:23
သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 37
Cross References
Genesis 17:7သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
Psalms 68:20ငါတို့၏ဘုရားသည်ကယ်တော်မူသောဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်ကားထာဝရဘုရား၊ ငါတို့အားသေဘေးမှကယ်ဆယ်တော် မူသော ငါတို့၏ဘုရားရှင်ဖြစ်တော်မူ၏။
Isaiah 2:18ရုပ်တုဆင်းတုတို့သည်လုံးဝကွယ်ပျောက်၍ သွားလိမ့်မည်။
Jeremiah 31:33သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
Ezekiel 11:18သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
Ezekiel 20:43ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-