ယေဇကျေလအနာဂတ္တိကျမ်း 11:18
သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 11
Cross References
Isaiah 30:22သင်တို့သည်ငွေဖြင့်မွမ်းမံထားသည့်ရုပ်တု များနှင့်ရွှေဖြင့်မွမ်းမံထားသည့်ရုပ်တုများ ကိုယူ၍``ငါတို့မျက်မှောက်မှသွားကြပေ တော့'' ဟုဆိုကာ၊ အညစ်အကြေးသဖွယ် ပစ်ထုတ်လိုက်လိမ့်မည်။-
Ezekiel 5:11အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
Ezekiel 11:21သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
Ezekiel 42:7အနိမ့်ပိုင်းတွင်ရှိသည့်အဆောက်အအုံ ၏နံရံသည်အလျားတစ်ဝက်မှာရှစ်ဆယ့် ငါးပေဖြစ်၏။ ကျန်သောရှစ်ဆယ့်လေးပေ တွင်အခန်းများရှိ၏။ ဗိမာန်တော်နှင့်ကပ် လျက်ရှိသောဘက်တွင် ပေတစ်ရာ့ခုနစ်ဆယ် ရှိသည်။ အဆင့်ထိပ်ဆုံးမြေပြင်တွင်အဆောက် အအုံတစ်လျှောက်လုံး၌အခန်းများရှိ၏။-
Hosea 14:9ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
Colossians 3:5သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)