The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 37 › ယေဇကျေလအနာဂတ္တိကျမ်း 37:26

ယေဇကျေလအနာဂတ္တိကျမ်း 37:26

ထာ​ဝ​စဉ်​ငြိမ်း​ချမ်း​ရေး​အ​တွက်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​တည်​ထောင်​ပေး လျက်​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ငါ​၏​ဗိ​မာန် တော်​ကို​သူ​တို့​ပြည်​တွင်​အ​စဉ်​အ​မြဲ​တည် စေ​မည်။-

Common Language Bible

In The King James Version

Moreover I will make a covenant of peace with them; it shall be an everlasting covenant with them: and I will place them, and multiply them, and will set my sanctuary in the midst of them for evermore.

In Context

25သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။-

27ငါ​သည်​ထို​အ​ရပ်​တွင်​သူ​တို့​နှင့်​အ​တူ​ကိန်း ဝပ်​၍​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ သူ​တို့ သည်​လည်း​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့် မည်။-

Read all of ယေဇကျေလအနာဂတ္တိကျမ်း 37

Cross References

Genesis 9:16တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။-

Exodus 15:17အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။

Leviticus 26:11ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-

1 Kings 8:20``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-

Psalms 89:3ကိုယ်​တော်​ရှင်​က``ငါ​ရွေး​ကောက်​သူ​နှင့်​ငါ​သည် ပ​ဋိ​ညာဉ်​ပြု​ပြီ။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​အ​မြဲ​ရ​လိမ့်​မည်။ သင်​၏​မင်း​မျိုး​မင်း​နွယ်​သည်​အ​ဆက်​မ​ပြတ် ဖြစ်​လိမ့်​မည်' ဟု ငါ​က​တိ​ပေး​ပြီ'' ဟူ​၍​မိန့်​တော်​မူ​ပါ​၏။

Isaiah 49:21ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 37:26

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 37:25ယေဇကျေလအနာဂတ္တိကျမ်း 37ယေဇကျေလအနာဂတ္တိကျမ်း 37:27 →