ယေဇကျေလအနာဂတ္တိကျမ်း 43:3
ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
Common Language Bible
In The King James Version
In Context
4တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 43
Cross References
Ezekiel 1:3ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
Ezekiel 8:4ငါသည်ခေဗာမြစ်အနီးဗျာဒိတ်ရူပါရုံတွင်မြင်ရသည်နည်းတူ ဤအရပ်တွင်လည်းဣသရေလအမျိုးသားတို့၏ဘုရားသခင်၏ဘုန်းအသရေတော်ကိုမြင်ရ၏။-
Ezekiel 9:3ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-
Ezekiel 9:10သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
Ezekiel 10:22သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။
Ezekiel 32:18ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။