ယေဇကျေလအနာဂတ္တိကျမ်း 44:19
လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Exodus 29:37ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
Leviticus 6:3သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
Leviticus 6:10ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
Leviticus 6:27တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။-
Ezekiel 42:14ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
Matthew 23:17လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-