ဝတ်ပြုရာကျမ်း 6:3
သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 22:9``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။
Exodus 28:42သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
Leviticus 16:4ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
Deuteronomy 22:1``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-
Jeremiah 5:2သင်တို့သည်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းဟုဆိုကြသော်လည်း သင်တို့သည်မဟုတ်မမှန်ကျိန်ဆိုကြ၏။
Ezekiel 44:19လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။