ယေဇကျေလအနာဂတ္တိကျမ်း 44:29
ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက်ဖြေရာယဇ် တို့ကိုစားသုံးကြရမည်။ ထိုမှတစ်ပါးလည်း သူတို့သည်ဣသရေလပြည်တွင် ငါ၏အတွက် သီးသန့်ထားသမျှသောအရာမှန်သမျှကို ရရှိကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Leviticus 2:10ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
Leviticus 6:26ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
Leviticus 7:6ယဇ်ပုရောဟိတ်ယောကျာ်းအပေါင်းတို့သည် ထို ယဇ်ကောင်၏အသားကိုစားနိုင်သည်။ ထိုပူဇော် သကာသည်အလွန်သန့်ရှင်းသောကြောင့် သန့်ရှင်း ရာဌာနတွင်စားရမည်။
Leviticus 27:28ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
Numbers 18:14``ဣသရေလနိုင်ငံတွင်ငါ့အား အပြီး အပိုင်ဆက်ကပ်ထားသမျှတို့သည်သင် တို့နှင့်ဆိုင်၏။
Hebrews 13:10ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။-