ဝတ်ပြုရာကျမ်း 2:10
ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 5:13ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထို သူအတွက်အပြစ်ဖြေရာယဇ်ပူဇော်သဖြင့် ထိုသူသည်အပြစ်လွတ်လိမ့်မည်။ ဘောဇဉ် သကာပူဇော်သည့်နည်းကဲ့သို့ကျန်သော မုန့်ညက်သည် ယဇ်ပုရောဟိတ်သုံးဆောင် ရန်အတွက်ဖြစ်သည်။
Leviticus 6:23ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။
Leviticus 10:12မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
Leviticus 21:22ထိုသို့သောယဇ်ပုရောဟိတ်သည် ငါ့အား ဆက်သသောသန့်ရှင်းသည့်ပူဇော်သကာ ကိုသော်လည်းကောင်း၊ အလွန်သန့်ရှင်းသည့် ပူဇော်သကာကိုသော်လည်းကောင်းစား သုံးနိုင်သည်။-
1 Samuel 2:28ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
Ezekiel 44:29ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက်ဖြေရာယဇ် တို့ကိုစားသုံးကြရမည်။ ထိုမှတစ်ပါးလည်း သူတို့သည်ဣသရေလပြည်တွင် ငါ၏အတွက် သီးသန့်ထားသမျှသောအရာမှန်သမျှကို ရရှိကြလိမ့်မည်။-