ယေဇကျေလအနာဂတ္တိကျမ်း 45:17
လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 45
Cross References
Leviticus 4:27အကယ်၍သာမန်လူတစ်ဦးသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
Numbers 28:1ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
Numbers 28:28ထိုမီးရှို့ရာနှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကိုဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့် ညက်လေးပေါင်ကိုလည်းကောင်း၊ သိုးကလေး တစ်ကောင်စီနှင့်အတူမုန့်ညက်နှစ်ပေါင်ကို လည်းကောင်းပူဇော်ရမည်။-
2 Samuel 6:19ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
1 Chronicles 16:2ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
2 Chronicles 5:6ရှောလမုန်မင်းနှင့်ဣသရေလပြည်သူအပေါင်း တို့သည် ပဋိညာဉ်သေတ္တာတော်ရှေ့တွင်စုဝေး ၍မရေမတွက်နိုင်အောင်များသောသိုးနွား တို့ကိုယဇ်ပူဇော်ကြ၏။-