တောလည်ရာကျမ်း 28:1
ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
Common Language Bible
In The King James Version
And the LORD spake unto Moses, saying,
In Context
Cross References
Leviticus 9:15ထို့နောက်သူသည်လူများအတွက် ပူဇော် သကာကိုဆက်သလေသည်။ သူသည်လူများ အတွက်အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်ကို ယူ၍သတ်ပြီးလျှင် မိမိအတွက်အပြစ်ဖြေ ရာယဇ်ကိုပူဇော်သည့်နည်းအတိုင်းဆိတ်ကို ပူဇော်လေသည်။-
2 Chronicles 8:13သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
2 Chronicles 31:3မင်းကြီးသည်ထာဝရဘုရား၏ပညတ်ကျမ်း အရ နေ့စဉ်နံနက်တိုင်း၊ ညနေတိုင်း၊ ဥပုသ်နေ့ လဆန်းပွဲတော်နေ့နှင့်အခြားပွဲတော်များ၌ မီးရှို့ပူဇော်ရန် လိုအပ်သောသိုးနွားများကို မိမိပိုင်သိုးအုပ်နွားအုပ်များမှပေးလှူတော် မူ၏။
Nehemiah 10:33ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
Ezekiel 44:24အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။