ယေဇကျေလအနာဂတ္တိကျမ်း 45:7
နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 45
Cross References
Joshua 19:49ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-
Isaiah 9:5ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
Ezekiel 37:24ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။-
Ezekiel 48:21ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။