ယေဇကျေလအနာဂတ္တိကျမ်း 48:21
ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 48
Cross References
Ezekiel 34:23သူတို့၏တစ်ဦးတည်းသောသိုးထိန်းအဖြစ် ဖြင့် ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် အားခန့်ထားမည်။ သူသည်သူတို့အားစောင့် ထိန်းကြည့်ရှုလိမ့်မည်။-
Ezekiel 45:7နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။-
Ezekiel 48:10ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။-
Hosea 1:11ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။